Latest News
2026 ထိုင်းနိုင်ငံမြောက်ပိုင်း လေထုညစ်ညမ်းမှု
2026 အတွက် မြောက်ပိုင်း Thailand မှာ အရေးကြီးတဲ့ လေထုညစ်ညမ်းမှု ပြဿနာတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်
လယ်ယာတွေ မီးရှို့ရိတ်သိမ်းမှု၊ ယာဉ်ထွက်ငွေ့နဲ့ ဖုန်မှုန်တွေ စုပုံနေပြီး အရင်နှစ်တွေထက် PM2.5 အဆင့်အလွန်မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်
PM2.5 အမှုန်သေးလေးတွေက လူ့ခန္ဓာကိုယ်ထဲကို လွယ်လင့်တကူဝင်ရောက်နိုင်လို့ အသက်ရှူလမ်းကြောင်းပြဿနာများ၊ နှလုံးနဲ့ အဆုတ်ရောဂါအန္တရာယ်တွေကို တိုးပွားစေပြီး ခရီးသွားလုပ်ငန်းကိုပါ ထိခိုက်စေခဲ့ပါတယ်
အစိုးရအနေနဲ့ Burning Season အတွင်း မီးရှို့ခြင်းကို အထူးတားမြစ်ခြင်းနဲ့ satellite နဲ့စောင့်ကြည့်ကာ တိုက်ရိုက်အရေးယူမှုတွေ ဆက်တိုက် ပြုလုပ်နေပါတယ်
Cloud seeding နည်းလမ်းကို အသုံးပြု မိုးရွာစေခြင်းနဲ့ လေထုညစ်ညမ်းမှု လျော့ချဖို့ အထူးကြိုးပမ်းလျက်ရှိနေပါတယ်